ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄)ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအနက် (၃)ဦးဆေးရုံဆင်းခွင့်ရ

မောင်တော  ဩဂုတ်  ၁၃

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  ပိုးတွေ့ရှိခဲ့သည့်   လူနာများ နှင့်  ထိတွေ့ခဲ့သူ များ ၊   ဖျားနာ ၊ ချောင်းဆိုး၊ အ သက် ရှုကြပ် ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ယမန်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၄) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။  

 အဆိုပါ ပိုးတွေ့ လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင် တို့တွင် ကျန်းမာရေး စောင့် ရှောက်မှု ခံယူလျက်ရှိပြီး  ဩဂုတ် ၁၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည် ပြုလူနာများအနက် (၃)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။

ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ ဩဂုတ် ၁၂ ရက်နေ့ ညနေပိုင်းထိ ကိုဗစ်အတည်ပြု လူနာ စုစုပေါင်း (၄၆၈)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၄၃၃)ဦးမှာ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၁၇)ဦးရှိကြောင်း နှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၁၈) ဦးရှိ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး ထံမှ သိရ သည်။  

သက်လွင်စိုး  ခရိုင် (ပြန်/ဆက်)