မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များ ဆက်လတ် ထိုးနှံပေးလျက်ရှိ

မြစ်သား သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်  ကျန်ရှိသည့် ဆရာတော်၊ သံဃာတော်၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများနှင့်စက်ရုံ၊ အလုပ်ရုံမှဝန်ထမ်းများ၊   ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ယမန်နေ့ နံနက်(၉)နာရီက လုပ်အားကြေးမုံခန်းမနှင့် ဒါးရဲကောင်းတိုက်နယ် ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် စုရပ်အဖြစ် သတ်မှတ်၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဝေမာနွယ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဒါးရဲကောင်း တိုက်နယ် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ရှင်ဝန်ထမ်းများပူးပေါင်း၍  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  လက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင် ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာလျှင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးကြောင်း သိရသည်။

 မြစ်သားမြို့နယ်အနေဖြင့်  ဇူလိုင်(၃၁)ရက်နေ့မှ ယနေ့အထိ သံဃာတော်(၂၀)ပါး၊ သီလရှင်(၁)ပါး၊ အသက်(၆၅) နှစ်အထက်အဘိုး၊အဘွား(၁၂၇၆)ဦး၊ နိုင်ငံ့ဝန်ထမ်း(၂၇၈)ဦးနှင့် နိုင်ငံ့ဝန်ထမ်း မိသားစု(၂၆၆)ဦး၊ စေတနာ့ရှင် ပရဟိတ(၄၅)ဦး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၃၁)ဦး၊ စျေးရောင်းချသူ(၄၇)ဦး စုစုပေါင်း (၁၉၆၄)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မြမြမွန်(မြစ်သား)