မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နယ်မြေခံတပ်ရင်း များမှ တပ်မတော်သားများနှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

မြောက်ဦး  ဩဂုတ်  ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူ လှုပ်ရှားသွားလာရာနေရာများ၌ ပါးစပ်နှင့်နှာခေါင်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ယမန်နေ့ နံနက် ၈ နာရီက လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များအား အခမဲ့ဖြန့်ဝေဆောင်ရွက်ရာတွင် မြောက်ဦး မြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက တောင်ရပ်လမ်းဆုံ၊ ကြက်ဈေးလမ်းဆုံး၊ ရွှေဂူတောင် လမ်းဆုံ၊ အောင်မင်္ဂလာလမ်းဆုံစသည့်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော အဓိက လိုက်နာရမည့်အချက်များအား အလေးထားလိုက်နာကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေအကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊  တတ်နိုင်သမျှ မိမိနေအိမ်တွင် သာနေထိုင်ကြရန်၊ မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) များမဖြစ်မနေ တပ် ဆင်သွားလာကြရန် အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များအား သတ်မှတ်နေရာများ၌ စနစ်တကျစွန့်ပစ်ကြရန်နှင့့်် ဈေးရောင်းဈေးဝယ်လာသူများ၊ လမ်း သွားလမ်းလာများ၊ အငှားယာဉ် မောင်းနှင်သူများနှင့် ခရီးသွားပြည်သူများကို နှာခေါင်းစည်းများ တတ်ဆင်သွားလာစေခြင်း၊ နှာခေါင်းစည်း(Mask) မပါရှိသူများအား  နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ နှာခေါင်းစည်း (Mask) များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)