မလှိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ ၏ စီးပွားရေးအပေါ်ထိခိုက်မှု သက်သာစေရေး စီမံချက်အရ ဆိုနာလီကာ (90 HP ) ထွန်စက်ကို အရစ်ကျရောင်းချပေး

မလှိုင် ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၆၆) စက်မှုလယ်ယာဦးစီးဌာနမှ ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရေးစီမံချက်  Cash to Input (Agricultral Machinery) in time For Moonsoon Planing အရ ဩဂုတ်လ ပထမပတ်က မလှိုင်မြို့နယ် သိမ်ကုန်း ကျေးရွာမှ တောင်သူ ဦးတင်မောင်အား ဆိုနာလီကာ (90 HP) ထွန်စက်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထွန်စက်ကို ကိုဗစ်ကာလအတွင်း တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေ ခေျာမွေ့စေရန် ၂ နှစ်အတွင်း သုံးရစ်ဆပ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး  တောင်သူများအား ထွန်စက်မောင်းသင်ကြားပေးခြင်း၊ ထိန်းသိမ်းကြံ့ခိုင်မှု ပြုလုပ်ပေးခြင်း၊ နောက်တွဲ ထွန်အားညှိချိန်နည်းတို့အား စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဇော် နှင့်ဝန်ထမ်းများက သင်ကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)