ကြည့်မြင်တိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ကြည့်မြင်တိုင် ဩဂုတ် ၁၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူ များမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ယမန်နေ့နံနက်ပိုင်းက သီတာရပ်ကွက်နှင့် မကျည်းတန်း တောင်အနောက်ရပ်ကွက်အတွင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ် ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း နေအိမ်များရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များ နှင့် ရေဝပ်နိုင်သော  ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွား စေနိုင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ရေတွင်းရေကန်များ၊ ရေစည်များအတွင်း အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)