မိုင်းယောင်း ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင် မုန်းလိုက်တံတားရှိ ကျန်းမာရေးစစ်ဆေး ရေးဂိတ်၌ တံတားပေါ် ဖြတ်သန်းသွားလာလျက်ရှိသော ပြည်သူများကိုဌာဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးရေးဂိတ် တာဝန်ကျများမှ တံတားပေါ် ဖြတ်သန်းသွားလာလျက်ရှိသော ပြည်သူ များအား နေထိုင်ရာအရပ်နှင့် ခရီးသွားလာမှုရာဇဝင် စိစစ်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ခြင်းနှင့် ကျန်းမာရေးကထုတ်ပြန်ထားသော အသိပေးချက်များ၊ ပန်ကြားချက်များကို လိုက်နာကြပါရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကုန်ကားများ မြို့တွင်းသို့ ဝင်ရောက်မည်ဆိုက သက်ဆိုင်ရာယာဉ်မောင်းအား RDT Test Kit ဖြင့်စစ်ဆေးခြင်း၊ ကျန်းမာရေးက သတ်မှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာ စေခြင်း၊ နေရပ်ပြန်များရှိက RDT Test Kit ဖြင့် စစ်ဆေးပြီး Negative ဖြစ်မှ မြို့တွင်းသို့ ပေးဝင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှ သတ်မှတ်ပေးထားသောနေရာ၌ အသွား အလာ ကန့်သတ်စောင့်ကြည့်မှုခံယူစေခြင်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
စိုင်းအောင်ဇော်လင်း