ရမည်းသင်း သြဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ် အမျိုးသမီကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် NGO များပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက မြို့မဈေးအတွင်း ပြည်သူများသို့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် မြို့မဈေးသို့ လာရောက်ကြသူများနှင့် လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး၊ Mask မတပ်ဆင်ထားသူများအား ပါးစပ်နှာခေါင်းစည်း (Mask) များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ရန်နိုင်ထွန်း(ရမည်းသင်း)