မြင်းခြံ ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြင်းခြံခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြင်းခြံ ခရိုင်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာစိစစ်ခြင်းနှင့်စပ်လျဉ်း၍ ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများစိစစ်ရာတွင် သတ်မှတ်ထားသည့်အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များမှ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီအား သတ်မှတ်ထားသည့်အချက်များနှင့်အညီ စိစစ်ခဲ့ကြသည်။
မြင်းခြံခရိုင်အတွင်းတွင် နိုင်ငံရေးပါတီ (၇) ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် (၆) ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် (၂) ဦး၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် (၇) ဦး၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် (၆) ဦး၊ စုစုပေါင်း မြင်းခြံခရိုင်အတွက် လွှတ်တော်ကိုယ်စားလှယ် (၂၁) ဦးတို့၏ အမည်စာရင်းတင်သွင်းလွှာ များအားစိစစ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (မြင်းခြံ)