ဒဂုံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ဒဂုံ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ယောမင်းကြီးရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား အိမ်ထောင်စုဝင်များ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း နိုင်ငံတော်မှ စား၊ဝတ်၊နေရေး အဆင်ပြေစေရေးအတွက် တတိယအကြိမ် ထောက်ပံ့ပေးသည့်  ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွေးက အိမ်ထောင်စုတစ်စုချင်း အလိုက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား  အိမ်ထောင်စုဝင်များအား  နိုင်ငံတော်က တတိယအကြိမ် ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၁၄)စုအတွက် စုစုပေါင်းငွေ ကျပ် (၂၈၀၀၀၀) ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း  ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ  သိရ သည်။

ဇာဖြူဝင်း(ပြန်/ဆက်)