ပင်လောင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိပြည်သူများအား ဆန်နှင့်စားသောက်ကုန်များ လှူဒါန်း

ပင်လောင်း   သြဂုတ်   ၉

ရှမ်ူပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မြို့ပေါ်  ကိုးရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း( ၇၉၆) စုအား ဆန်နှင့်စားသောက်  ကုန်များခွဲဝေလှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင်ပြုလုပ်ခဲ့သည်။

အဆိုပါလှူဒါန်းမှုအားပင်လောင်းမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ရပ်ကွက်နှင့် ကျေးရွာများမှ အလှူရှင်များမှ စုပေါင်း၍ဆန် ၇၈အိတ်၊ ဆီ ၅၆၀ ဘူး၊ ဆား ၄ အိတ်တို့ကိုအိမ်ထောင်စုတစ်စုလျှင် ဆန် ၊ဆီ၊ဆား၊ အမယ်သုံးမျိုး၊ ဖြူရှားရွာနှင့် လယ်ကြားရွာမှ ဦးခွန်လွန်းစိန်နှင့် သူငယ်ချင်းကလည်း ခရမ်းချဉ်သီးပိသာချိန် ၅၅၀ ပိသာကို လာရောက်လှူဒါန်းပေးသဖြင့် သက်ဆိုင်ရာရပ်ကွက်များအလိုက်ခွဲဝေလှူဒါန်း ပေးခဲ့ခြင်းဖြစ်သည်။

ပင်လောင်းမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားမှုမှကာကွယ်၊ တားဆီးနိုင်ရေးအတွက် လူစုလူဝေး

မဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာရပ်ကွက်များမှ တာ၀န်ရှိသူများနှင့်အဖြူရောင် လူငယ်အဖွဲ့တို့မှပူးပေါင်း၍ပြည်သူများ လက်၀ယ်အရောက် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)