လင်းခေး သြဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့် ဦးစားပေး အစီအစဉ်အလိုက် ဆေးထိုးနှံပေးနိုင်သူ များအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လင်းခေးမြို့နယ် ဝမ်စလောင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လင်းခေးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များ၊ ကျန်းရေးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာမှ အုပ်ချူပ်ရေး အဖွဲ့ဝင်များ အသက် ၆၅ နှစ်အထက် အဖိုးအဖွားများနှင့် ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
လင်းခေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် ဇူလိုင် ၃၁ ရက်မှ သြဂုတ်လ ၈ ရက်နေ့အထိ စုစုပေါင်း ၄၇၂ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)