ဂွ ဩဂုတ် ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များ၊ သံဃာတော်များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသည်များကို ယနေ့ နံနက် ၉ နာရီခွဲက စုရပ်(၃)ခု၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဂွမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၂) ရက်နေ့ မှစတင်ကာ သြဂုတ်လ(၇)ရက်နေ့အထိ ဂွမြို့စုရပ်ဖြစ်သည့် မြို့နယ်စည်ပင်သာယာ (အောင်မင်္ဂလာ)ခန်းမ၊ ဆပ်သွားကျေးရွာအ-ထ-ကနှင့်ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတို့တွင် ထိုးနှံပေးခဲ့ရာ အသက် (၆၅)နှစ်နှင့် အထက် (၉၉၁) ဦး၊ သီလရှင်၊ (၄) ဦး၊ နိုင်ငံ့ဝန်ထမ်း/မိသားစု (၁၀) ဦး၊ ပရဟိတလူမှုရေးအသင်းမှ (၇၃) ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၁၄) ဦး၊ အကျဥ်းသား/အချုပ်သား(၇) ဦး၊ ဈေးသူဈေးသား (၈၆) ဦး ၊ကျန်းမာရေးဝန်ထမ်း(၁)ဦးစုစုပေါင်း (၁၁၈၆) ဦးကို ထိုးနှံပေးခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကို ယနေ့ သတ္တမမြောက် နေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးနေမှုအား ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးမျိုးဇေယျာ၊ ဦးလှ ချိုချို၊ ဦးလှတင့်နှင့် တွင်းရေးမှူး ရဲမှူး ဟန်မွှေးတို့က ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်း