ကျောက်ဆည် ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအား ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေး များကို စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ ဟိုတယ်၊မိုတယ် တည်းခိုခန်းလုပ်ကိုင်နေသူ(၂၈)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူ(၅၇)ဦးအား ဦးစားပေး ထိုးနှံပေးခဲ့ပြီး သံဃာတော် (၁)ပါး၊ အသက်(၆၅)နှစ်အထက်အဘိုးအဘွား(၄)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၅၅)ဦး၊ ၊Super Market ဝန်ထမ်း(၄၈)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင်(၃)ဦး ၊စုစုပေါင်း(၂၉၆)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဇူလိုင်လ(၃၁)ရက်နေ့မှ ယနေ့အထိ သံဃာတော်(၄၈၈)ပါး၊ အသက်(၆၅)နှစ် အထက်အဘိုးအဘွား (၁၄၄၁)ဦး၊ ကျန်းမာရေး ဝန်ထမ်း(၁၇၅)ဦး၊ လူမှုရေးအသင်းအဖွဲ့(၁၃၄)ဦး၊ ဘိုးဘွားရိပ်သာမှအဘိုးအဘွား (၇)ဦး၊ နိုင်ငံ့ဝန်ထမ်းနှင့်မိသားစုဝင်(၁၉၉)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၇၁)ဦး၊ ဟိုတယ်မိုတယ်တည်းခိုခန်း လုပ်ငန်းလုပ်ကိုင်နေသူ(၃၄)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသူ(၆၇)ဦး၊Super Market ဝန်ထမ်း(၆၁)ဦး၊ စက်ရုံအလုပ်ရုံဝန်ထမ်း(၂)ဦး စုစုပေါင်း (၂၆၇၉)ဦးအား ထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မြို့တော်ခန်းမတွင် နံနက်(၉) နာရီခွဲမှ ညနေ(၄) နာရီ အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး