ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(၂၉၅၁) ဦးထိုးနှံပြီး၍ ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ခင်ဦး ၊ ဩဂုတ် ၉

            စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များ၊ သံဃာတော်များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသည်များကို ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီက ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေး ကျန်းမာရေး ဌာန)နှင့် အထက တို့တွင် နေရာ(၂) နေရာခွဲ၍ ပဉ္စမနေ့မြောက် ဆက်လက် ထိုးနှံပေးလျက် ရှိသည်။

            ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၃) ရက်နေ့ (၄) ရက်နေ့၊ (၇) ရက်နေ့နှင့် (၈) ရက်နေ့ တို့တွင် မြို့နယ်ဓမ္မာရုံ၊ အထက၊ မြို့နယ်စည်ပင်သာယာရုံး၊ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေး ကျန်းမာရေး ဌာနနှင့် မြကန်သာ(အမက) တို့တွင် ထိုးနှံပေးခဲ့ရာ အသက် (၆၅)နှစ်နှင့် အထက် (၈၅၅) ဦး၊ သံဃာတော်၊ သီလရှင်၊ ဘာသာရေးပုဂ္ဂိုလ် (၁၉၃) ဦး၊ နိုင်ငံ့ဝန်ထမ်း (၅၉၃) ဦး၊ ပရဟိတလူမှုရေးအသင်းမှ (၄၈၆) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ (၈) ဦး၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်း (၁၀) ဦး၊ ဈေးသူဈေးသား (၈၀၆) ဦး စုစုပေါင်း (၂၉၅၁) ဦးကို ထိုးနှံပေးခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကို ယနေ့ ပဉ္စမနေ့မြောက် အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး ထံက သိရသည်။

            ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ (၁၇၅၀) လုံးရရှိပြီး ဆေးတစ်လုံးလျှင် လူနှစ်ယောက် ထိုးနှံရာ စုစုပေါင်း လူဦးရေ (၃၅၀၀) ဦးကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)