ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပိုမိုထိရောက်စေရေးနှင့် ပြည်သူများ သိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်နှိုးဆော်

ဆွမ်ပရာဘွမ် ဩဂုတ် ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပိုမိုထိရောက်စေရေးနှင့် ပြည်သူများ သိရှိလိုက်နာနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းကို ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ မြို့ပေါ်ရပ်ကွက်ရှိလမ်းဆုံလမ်းခွများ၊ လမ်းသွားလမ်းလာများသော နေရာများတွင် ယနေ့ ညနေ၅နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မြို့‌ပေါ်ရပ်ကွက်ရှိမိဘပြည်သူများ မိမိနေအိမ်တွင်းသာနေထိုင်ရန်၊ လုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့အစည်းများ သတ်မှတ်ချိန်အတွင်းပြင်ပသို့ ထွက်ခွာခြင်း မပြုလုပ်ရန်၊ မဖြစ်မနေဈေး ဝယ်ရန်အတွက် တစ်အိမ်တစ်ဦးသာ သွားရောက်ဝယ်ယူကြရန်၊ နေအိမ်မှမဖြစ်မနေသွားရောက်ရန်ရှိပါက Mask- Face Shield တပ်ဆင်ရန်၊ စားသောက်ဆိုင်/ လက်ဖက်ရည်ဆိုင်ရောင်းချသူများ ဆိုင်ထိုင်စားသောက်ခြင်းမပြု လုပ်စေဘဲTake away စနစ်ဖြင့် ရောင်းချသွားရန်၊ စားသောက်ကုန်၊ ဆေးဝါးသယ်ဆောင်လာသော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အနေဖြင့်(၇၂)နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ရောဂါကင်းစင်‌ကြောင်း ဆေးမှတ်တမ်းပါရှိမှသာ မြို့အတွင်းဝင်ခွင့်ပြုရန်၊ အသွားအလာကန့်သတ်ထားသည့် ကာလအတွင်းခိုင်လုံသောအကြောင်းပြချက်မရှိပါက အရေးယူဆောင်ရွက်သွားရန်နှင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီမှ ချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုး ဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါနှိုးဆော်ခြင်းလုပ်ငန်းများတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေး၊ မြို့မရဲစခန်းမှူး ရဲအုပ် ရဲသူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစားရေးများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)