ရမည်းသင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက် ကွင်းဆင်းငှားရမ်း

ရမည်းသင်း  ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်၀န်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ၀န်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်း စာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီက ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနတို့ကို ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ရမည်းသင်းခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များကို ဝန်ထမ်းများအားလပ်ရက်များတွင် စာပေဖတ်ရှုနိုင်ရန် လစဉ်မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း ငှားရမ်းခြင်းကို ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရမည်းသင်းမြို့ ဧရာ၀တီဘဏ်ခွဲတို့ကို ဆက်လက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်၀င်းအောင် (ရမည်းသင်း)