ကျောက်ပန်းတောင်း ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်စေရေးအတွက်၊ အဝီစိစက်ရေတွင်းများ တူးဖော်ပေးခြင်းနှင့် မြေသားမိုးရေ လှောင်ကန်တူးဖော်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၃)နာရီက ဖုံသာကျေးရွာ မြေသားရေ ကန်တူးဖော်ပြီးစီးမှုများကို မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ရုံးအဖွဲ့ဝင် များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တိုင်း ဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ခင်မွန်ကျေးရွာအုပ်စု၊ ဖုံသာကျေးရွာ မြေသားရေ ကန်တူးဖော်ခြင်းလုပ်ငန်းကို ခွင်ပြုရန်ပုံငွေ (၉.၈)သန်းဖြင့် ရေကန်အကျယ်အဝန်း (၁၂၀ ပေ×၁၂၀ ပေ× ၆ ပေ) ဆောင်ရွက်ပြီးစီးမှု အခြအနေများကို မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ရုံးအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ဖုံသာကျေးရွာ မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ၊ ကျေးရွာရှိ အိမ်ခြေ(၇၀)၊ အိမ်ထောင်စု(၇၀)စုမှ လူဦးရေ(၃၄၁)ဦးတို့ အတွက် သောက်သုံးရေဖူလုံစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
နေအောင်