ဝမ်းတွင်း၊ ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မိုးစပါးများစိုက်ပျိုးချိန်တွင် ထွန်စက်အငှါးလိုက်သူများအနေဖြင့် စက်ငှါးသူပေါများလာခြင်းကြောင့် ဝင်ငွေများရရှိကာ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကျွဲ၊ နွားများအသုံးပြုခြင်းထက် ထွန်စက်များကို ငှါးရမ်းပြီး ထွန်ယက် စိုက်ပျိုးခြင်းများကို ပိုမိုအလေးထားကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ တောင်သူများအနေဖြင့် ထွန်းစက်များကို ငှါးရမ်းအသုံးပြုခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များသက်သားခြင်းများကြောင့် ထွန်းစက်များကို ပိုမိုအသုံးပြုလာခြင်းနှင့် လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းလာပြီးဖြစ်ကြောင်းကို တောင်သူဦးမောင်စိုးမှ ပြောပြသည်။
အဆိုပါ နတ်နန်းကျေးရွာတွင် စိုက်ပျိုးဧက (၂၅၀) ကျော်ရှိကာ စိုက်ပျိုးရေးချိန်များတွင် ထွန်းစက်များကို ငှါးရမ်းသုံးစွဲခြင်းအနေဖြင့် တစ်ဧကထွန်ယက်ခြင်းအတွက် ကျပ် (၂၀၀၀၀) နှုန်းရပြီး စက်အငှါးလိုက်သူများအနေဖြင့် တစ်နေ့တာလျှင် (၁၄) ဧကထိ ပြီးစီးကြောင်း၊ အထွေထွေကုန်ကျစရိတ်နုတ်ပြီးလျှင် တစ်ရက်ဝင်ငွေအနေဖြင့် ကျပ်တစ်သိန်း ဝန်းကျင်ရရှိတာကြောင့် ထွန်းစက်အငှါးလိုက်သူများအနေဖြင့် စီးပွားရေးတွက်ခြေကိုက်ကာ မိသားစုဘဝများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)