ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်စာရင်းကပ်ထားမှုအခြေအနေများအား သွားရောက်ကြည့်ရှု

ပန်ဆိုင်း ဩဂုတ် 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာ အသီးသီးတွင် ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်စေရေးဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင် စာရင်း အနေခြေအနေများကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကျော်စိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်က္ကဋ္ဌ ဦးစံနော်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့သည်။

(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် အခြေခံမဲစာရင်းများကို ဇူလိုင်လ(၂၅)ရက် နေ့မှစတင်ပြီး သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် အသိပေးကပ်ထားမှုအပေါ်  လိုအပ်ချက်များရှိပါက ပေါင်းစပ် ကူညီဆောင်ရွက်ပေးရန် လာရောက်ကြည့်ရှုခြင်းဖြစ်သည်။

ဆက်လက်ပြီး မဲစာရင်းတွင် မပါဝင်သည့် အချက်အလက်များမှားယင်းပါက မဲဆန္ဒရှင်များအနေဖြင့် ပုံစံ(-) ဖြင့် တင်ပြပြင်ဆင်နိုင်ပြီး မဲဆန္ဒရှင်စာရင်းများတွင် မပါဝင်သင့်သူများ ပါဝင်လာမှုကို ပုံစံ () ဖြင့် စနစ်တကျ ပြင်ဆင်ဖြည့်စွက်နိုင်စေရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့နယ်အတွင်း (၂၀၂၀)ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံ ပေါင်း(၁၆)ရုံ ၊ မဲဆန္ဒရှင်(၁၈၀၉၄)ဦးရှိကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရှိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)