ကျောက်ဆည် ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၄၅၁၂) ဦးရှိရာ အောင်မြင်သူ (၁၁၆၉) ဦးရှိပြီး ဘာသာစုံဂုဏ်ထူးဖြင့် တစ်ဦးအောင်မြင်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို စာဖြေဌာန (၇) နေရာ သတ်မှတ်ခဲ့ပြီးဖြေဆိုစေခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းရှိကျောင်းသား (၂၁၂၁) ဦး၊ ကျောင်းသူ (၂၆၆၆)ဦး၊ စုစုပေါင်း (၄၇၈၇) ဦး ရှိသော်လည်း အမှန်တကယ်ဖြေဆိုသူ ကျောင်းသား (၁၉၆၅) ဦး၊ ကျောင်းသူ (၂၅၄၇) ဦး၊ စုစုပေါင်း (၄၅၁၂) ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ အောင်မြင်သူကျောင်းသား (၄၃၇) ဦး၊ ကျောင်းသူ (၇၃၂) ဦး၊ စုစုပေါင်း (၁၁၆၉) ဦးအောင်မြင်ခဲ့ကြောင်း ရာခိုင်နှုန်းအားဖြင့် (၂၅ ဒသမ ၉၁) ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာစုံအောင်မြင်သူ (၁) ဦး၊ (၅) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၄၅) ဦး၊ (၃) ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၁) ဦး၊ (၂) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၆) ဦး၊ (၁) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၃၄) ဦး၊ ရိုးရိုးအောင်မြင်သူ (၁၀၆၉) ဦး၊ စုစုပေါင်း (၁၁၆၉) ဦး အောင်မြင်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)