ညောင်ရွှေ ဩဂုတ် ၇
လတ်တလော ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းကြောင့် ညောင်ရွှေမြို့နယ်အား နေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သက်ဆိုင်ရာမှ အသိပေးကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်ရာ ယခုအခါပညာ ပေးကာလ ပြီးဆုံးပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား အပြည့်အဝလိုက်နာခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီကဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ရှောင်တခင်လှုပ်ရှားမှုဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဋ္ဌ ဦးနိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့နှစ်ဖွဲ့ ဖြင့် နေအိမ်ပြင်ပထွက်ခွာ သွားလာနေသူများအားစိစစ်၍ ပြင်ပထွက်ခွာခွင့်ကတ် မပါရှိသူများနှင့် လုံလောက်သည့်အကြောင်းပြချက်မရှိဘဲ သွားလာနေသူကျား(၁၅)ဦး၊ မ(၃)ဦး စုစုပေါင်း(၁၈)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)အရ ညောင်ရွှေမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ