ရမ်းဗြဲ ဩဂုတ် ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးဆေးကို ဩဂုတ်လ ၂ ရက်နေ့ မှ ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းထိ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၁၇၈၃) ဦး လာရောက်ထိုးနှံခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရမ်းဗြဲမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် စုရပ် (၄ )နေရာခွဲကာ နံနက် ၉ နာရီ မှ နေ့လယ် ၁၂ နာရီထိလည်းကောင်း၊ နေ့လယ် ၁ နာ ရီ မှ ညနေ ၄: ၃၀ နာရီအချိန်၎င်း ထိုးနှံပေးခဲ့ပြီးဖြစ်ပါသည်။ ဩဂုတ်လ ၂ ရက်နေ့ ဩဂုတ်လ ၆ ရက်နေ့ထိ (Sinopharm) ကာကွယ်ဆေးကို လာရောက်ထိုးနှံ ကြရာတွင် သံဃာတော် / သီလရှင် ဘာသာရေးကျောင်းများမှ (၁၂၃) ပါး၊ အသက်(၆၅) နှစ်နှင့်အထက်ဘိုးဘွား (၁၀၅၀) ဦး၊ အစိုးရ /ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၁၃)ဦး၊ Volunteer (၁၀၆)ဦး ၊ နိုင်ငံဝန်ထမ်း (၂၉၇) ဦး၊ နိုင်ငံဝန်ထမ်းမိသားစု (၇၀) ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း (၁၆) ဦး၊ အကျဉ်းသား/ အချုပ်သား (၂) ဦး၊ Super Market / ဈေး မှ (၁၁၀)ဦးစုစုပေါင်း ဆေးလာရောက်ထိုးနှံခဲ့ကြသူ (၁၇၈၃)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရှိရပါသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ Volunteer တို့မှ ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)