မိုးမိတ် ဩဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် အချုပ်သားများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမနှင့် မြို့နယ်ရဲစခန်းတို့၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
“မိုးမိတ်မြို့နယ်တွင် Sinopharam Vaccine အမျိုးအစား ကိုဗစ် ၁၉ ကာကွယ်ဆေးဖြစ်ပြီး ထိုးနှံရာတွင်တော့ ဆေးတစ်လုံးကို လူနှစ်ဦး ထိုးရတဲ့ဆေးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ပြီဆိုပေမယ့်လည် ပေါ့ပေါ့ဆဆမနေသင့်ပါဘူး Social Distancing နေထိုင်ခြင်း ၊ Mask တပ်ခြင်း၊ လက်ဆေးခြင်းတွေကို ဆက်လက်လုပ် ဆောင်သွားရမည်ဖြစ်ပါတယ်” မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ကာကွယ်ဆေးထိုးနှံပေးသူ ဆရာမတစ်ဦးက ပြောသည်။
မိုးမိတ်မြို့နယ်တွင် ဇူလိုင် ၃၁ ရက်မှ ယနေ့အထိ ကိုဗစ် ၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးစီးမှုမှာ အသက် (၆၅) နှစ်အထက်ဘိုးဘွား (၅၁၉) ဦး ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း (၈)ဦး၊ ပရဟိတ (Volunteer) (၃၈)ဦး၊ ဘုန်းကြီး၊ သီလရှင်၊ ဘာသာရေးကျောင်းများမှ(၆၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၂၆) ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင် (၁၈၉) ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း (၅၂)ဦး ၊ တည်းခိုခန်းမှ (၈)ဦး ၊ အချုပ်သား (၇၈)ဦး ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများမှ (၉၆)ဦး ၊ ဈေးဆိုင်ရောင်းသူများနှင့်ဈေးသည် ( ၁၆၄) ဦး၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှ (၇) ဦး စုစုပေါင်း( ၁၃၅၀) ကိုထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
မိုးမိတ်သား