တာချီလိတ် ဩဂုတ် ၁၃
တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေးအဝင် မဟာမြတ်မုနိဘုရားကြီးကျောင်းရှေ့ လမ်းမတစ်လျှောက် ဈေးသည်များ စနစ်တစ်ကျ ဈေးရောင်းချနိုင်ရေး စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့က လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဝမ်ကောင်းမြို့မဈေးအဝင် မဟာမြတ်မုနိဘုရားကြီးကျောင်းရှေ့တွင် တစ်ချို့သောဈေးသည်များ သတ်မှတ်နေရာမှ လမ်းပေါ်သို့ ရောင်းချမှုများရှိရာ ဈေးဝယ်လာသော ပြည်သူများ စိတ်အနှောက် အယှက် ဖြစ်ရသည်ကို တွေ့ရှိရသဖြင့် ဈေးသည်များ သတ်မှတ်နေရာမှ ကျူးကျော် ရောင်းချမှု မရှိစေ ရေး၊ သတ်မှတ်နေရာတွင် စနစ်တစ်ကျ ရောင်းချနိုင်စေရေး နေရာသတ်မှတ်ပေးခြင်းနှင့် အသိပေး ရှင်းလင်းခြင်း၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
တာချီလိတ်မြို့တွင် ဈေး ၉ ခုရှိရာတွင် ဝမ်ကောင်းမြို့မဈေးသည် တာချီလိတ်မြို့၏ ပထမဆုံးသော ဈေး ဖြစ်ပြီး မြို့လယ်တွင်တည်ရှိကာ အစည်ကားဆုံးသော ဈေးဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)