ဝေါ သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး အတွက် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားကတ်မပြုလုပ်ရသေးသူများ၊ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသား ကတ်မရှိကြသူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အချိန် မီ ထုတ်ပေး နိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အဖွဲ့(၅)ဖွဲ့ခွဲကာ နိုင်ငံသားစိစစ် ရေး ကတ်ပြား မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ပြုလုပ် ဆောင်ရွက်ပေးရာတွင် ဝေါမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးရဲထွန်းမြင့် နှင့် ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသေးသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်လျက် ရှိရာ ဝေါမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် ယနေ့ထိကျေးရွာ အုပ်စု(၁၅) အုပ်စုအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၄၀၁)ဦး၊ မ(၆၁၄)ဦး၊ စုစုပေါင်း(၁၀၂၄)ဦးအား စိစစ်ထုတ်ပေးခဲ့ကြောင်းသိရသည်။
ကျန်ကျေးရွာ(၄၉) အုပ်စုကို သစ္စာစီမံချက်ပါနေ့ရက်များအလိုက် တိုက်နယ်များခွဲကာ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဩဂုတ်လ(၁၅)ရက်နေ့တွင် ဝေါမြို့နယ်အတွင်းရှိ ကျေးအုပ်စု(၅)စုဖြစ်သည့် လက်ပံသုံးပင်ကျေးရွာ၊ ဘိုကတော် ကျေးရွာ၊ ထိန်တပင် ကျေးရွာ၊ ကံမြင့်ကျေးရွာ၊ ကော့ဝင်းကျေးရွာ တို့တွင် အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ နိုင်ငံသားတိုင်းရရှိစေရန် ပြုလုပ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)