တွံတေးမြို့နယ်တွင်ရှိ သံဃာ့တော်နှင့် သာသနာ့ဝင်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

တွံတေး သြဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အုန်းပင်စုရပ်ကွက်၊ အ.ထ.က(၁) ယုဇနခန်းမတွင် တွံတေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ကျောင်းတိုက်ရှိ သီလရှင်ဆရာကြီး ဆရာလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံသည့် နေရာသို့ တွံတေးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အဖွဲဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာမှူး ဒေါက်တာ မျိုးဇော်လှနှင့် အဖွဲ့ဝင်များတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် သံဃာ့တော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား သွားလာမှု အဆင်ပြေစေရေး စောင့်ရှောက်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း သတ်မှတ် အကွာအဝေး နေထိုင်ခြင်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နောက်ထပ်ဆေးထိုးရန် ကျန်ရှိနေသော သံဃာ့တော်၊ သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်နေ့ရက် အချိန်နေရာတို့ကို ထပ်မံကြေညာပေး သွားမည်ဖြစ်ကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

တွံတေးမြို့ ကာကွယ်ဆေးထိုးနှံရာတွင် ဆေးရရှိမှုအပေါ် မူတည်၍ကျန်ရှိ သံဃာ့တော်များ၊ သီလရှင်များကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံးထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် (၁၈၀၁၉၂)ဦးထိုးနှံရန်ရှိပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ လဆန်းပိုင်းက အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး COVISHE ကို ထိုးနှံပေးရာ  အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ စေတနာ့ဝန်ထမ်းများ  (Volunteer)၊ နိုင်ငံဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်း ဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ပြည်သူလူထု စုစုပေါင်း(၅၁၁၉)ဦးကို နှစ်ကြိမ်ထိုးနှံပေးနိုင်ခဲ့ရာ ယခု ၂၀၂၁ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ရောက်ရှိလာသည့် တရုပ်နိုင်ငံထုတ်  Vero Cell – Inactivated 6.5 U/0.5 ml ကာကွယ်ဆေးကို တွံတေးမြို့နယ်အတွက် ခွဲတမ်းလူဦးရေ (၁၆၀၀)အတွက် ကာကွယ်ဆေး အလုံး(၈၀၀)ရရှိ ကာဆေးထိုးနှံမည့် စုရပ်များဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံ စည်းဝေးခန်းမ၊ အ.ထ.က (၁) ယုဇနခန်းမ၊ သာသနာ့ဗိမာန်တော်ကြီး၊ ခတ္ထိယတိုက်နယ်ဆေးရုံး၊ ကရင်ချောင်း တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးရန် လျာထာပြီး ယနေ့ သြဂုတ် ၇ ရက်နေ့တွင် အ.ထ.က(၁) ယုဇနခန်းမ၌ ပထမဦးဆုံး သံဃာ့တော်များနှင့် သီလရှင်များကိုထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သြဂုတ် ၂ ရက်နေ့ နံနက ၉ နာရီမှ နေလည် ၂ နာရီထိနာရီထိ စုရပ် ၅ နေရာကိုအလှည့်ကျ အမြန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ကာကွယ်ဆေးနှင့် ဓာတ်တည့်မှုရှိ၊ မရှိနှင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိအတွက် သက်မှတ်နေရာများတွင် နာရီဝက်ခန့် စောင့်ကြည့်စေပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)