မိုင်းရယ်မြို့တွင် အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး

မိုင်းရယ်   သြဂုတ်   ၁၁

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆)လမှ (၉)နှစ် ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးလျက်ရှိရာ ယနေ့ နံနက်(၉) နာရီ က မိုင်းရယ်မြို့၊ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး များ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာ ဒေါ်နန်းဆိုင်ဟိန်းနှင့် တာဝန်ရှိသူများက နံနက်(၉)နာရီမှ ညနေ (၄)နာရီထိ တိုက်ကျွေးလျက်ရှိပါ သည်။ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ  အသက်(၆)လမှ (၉)နှစ်ထိ ကလေးငယ်များ အား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးလျက်ရှိကြောင်းနှင့် ယင်းဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို တစ်နှစ် နှစ်ကြိမ်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်