ပင်လောင်း ဩဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Covid -19 ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နန်းတုတ်ကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက(၇၀)အား ဆောင်ရွက်နေသည့် တောင်သူ(၂၁)ဦးအတွက် ပေါင်းနှုတ်၊ သမန်းနှိုး၊ မျိုးစေ့သန့်စင် ထုတ်ပိုးခြင်း လုပ်အားခနှင့် မျိုးကောင်း မျိုးသန့်၊ မျိုးစေ့များကို ဩဂုတ် ၁၂ ရက်နေ့က ထောက်ပံ့ခဲ့ပြီး ကျန်ရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်လျက်ရှိသော တောင်သူများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးနှင့်ဓာတုဆေးများ ဆက်လက ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်