ရန်ကုန် ၊ သြဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ကြီးကြပ်ကွပ်ကဲမှု အောက်ရှိ မင်္ဂလာဒုံ နှင့်မှော်ဘီမြို့နယ်များရှိမွေးမြူရေး စခန်းများနှင့် ပုဂ္ဂလိကမွေးမြူရေး ခြံများသို့သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံမြို့နယ်ရှိ တိုင်းစစ်ဌာနချုပ် အမှတ်( ၄ ) စိုက်ပျိုး၊မွေးမြူရေးစခန်း၌ နို့စားနွား (၁၁၃) ကောင်မွေးမြူထားရှိရာနေ့စဉ် နွားနို့(၁၃၅)ပိဿာထွက်ရှိမှု ၊ အသားတိုးနွား(၂၂)ကောင် မွေးမြူထားရှိမှုကိုလည်းကောင်း၊ ရွှေနံ့သာကျေးရွာအုပ်စု၊ လေးထောင့်ကန် ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင်အားမာန်နို့စားနွားခြံ၌ နို့စားနွား(၃ဝဝ) ကောင်မွေး မြူထားရှိပြီး နေ့စဉ်နွားနို့ ၂၀၀၀ ပိဿာခန့် ထွက်ရှိမှု ၊နို့စားနွားများမှနို့ထုတ်ယူနေမှုများ၊ နို့များကိုဒိန်ချည်ထုတ်လုပ်နေမှုများကို လည်းကောင်းကြည့်ရူစစ်ဆေးသည်။ အဆိုပါစခန်းများမှထွက်ရှိလာသောနွားနို့များကိုတိုင်းရွှေဂုံအရောင်းဆိုင်များတွင်စျေးနှုန်းသက်သာစွာဖြင့် ရောင်းပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မှော်ဘီမြို့နယ်၊အောက်ဝါးနက်ချောင်း ကျေးရွာရှိ ပုဂ္ဂလိကပိုင် ကြက်မွေးမြူရေးခြံ၌ကြက်ခြံ( ၂ )ခြံတွင် ဥစားကြက်အကောင်ရေ (၁၀၀၀၀) မွေးမြူထားရှိ မှုကိုလည်းကောင်း၊ ဝါးနက်ချောင်းကျေးရွာရှိ တိုင်းစစ်ဌာနချုပ်ဘက်စုံ စိုက်ပျိုး၊မွေးမြူရေး စခန်း (ဝါးနက်ချောင်း)၌ အသားတိုးကြက် ၁၂၀၀ ကောင်၊ ဆိတ်ခြံ ၂)ခြံတွင်(၉၅) ကောင်မွေးမြူထားရှိမှုနှင့် တစ်သျှူးငှက်ပျော(၁၀၀၀)ပင် စိုက်ပျိုး ထားရှိမှုကိုလည်းကောင်း၊အမှတ်(၄)လမ်းမကြီးအနီး၊ ဖန်ခါးကုန်း ကျေးရွာ ရှိ ပုဂ္ဂလိကပိုင် ရွက်သစ်မွေးမြူရေးခြံ၌ ကြက်ခြံ( ၁၂ )ခြံတွင် ဥစားကြက်အကောင်ရေ ၃၀၀၀၀ ကျော်မွေးမြူထားရှိပြီး တစ်နေ့လျှင် ကြက်ဥ (၂၀၀၀၀)လုံးခန့် ထွက်ရှိမှုနှင့် ဝက်ခြံများတွင် အသား တိုးဝက် အကောင်ရေ( ၉၅၀ )ကျော်မွေးမြူ ထားရှိမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိ သူများ နှင့် တွေ့ဆုံကာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေ့စဉ်လူနေမှုဘဝတွင် စားရေးသည် အဓိကကျသောကြောင့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများအား စနစ်တကျ အောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်ခြင်းကိုအားပေးမြှင့်တင်ပြီး ဒေသအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်စေရန်ရည်ရွယ်၍ ထွက်ရှိ လာ သော အသား၊ငါး ၊ ဟင်းသီးဟင်းရွက်ဥနှင့် နို့များကို ပြည်သူများသက်သာစွာဝယ်ယူစားသုံး နိုင်ရေး စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)