ညောင်ရွှေ ဩဂုတ် ၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ပိုင်းမှစတင်၍ သတ်မှတ်ထားသည့် စုရပ်နေရာအသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကျောင်း တိုက်အသီးသီးရှိ ဆရာတော်သံဃာတော်များ၊ ဦးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံ ပေးခဲ့ကြောင်း သိရှိရသည်။
ညောင်ရွှေမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စုရပ်နေရာများဖြစ် သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ နန်းပန်မြို့စုရပ်၊ စံကားကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စုတို့တွင် ရဟန်းသံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဌာနဝန်ထမ်း များနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ ဝန်ထမ်းများ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စည်ပင် သာယာရေးဈေးများမှ ဝန်ထမ်းများနှင့် ဈေးသည်များ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ စုစုပေါင်း (၁၇၃၂)ဦးအား ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းနှင့် (၃၁-၇-၂၀၂၁)ရက်နေ့မှ (၅-၈-၂၀၂၁)ရက်နေ့အထိ မြို့နယ်အတွင်း ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း (၅၂၅၈)ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ