လသာ ဩဂုတ် ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေး အတွက် မြို့နယ်တွင်းရပ်ကွက်များ၌ ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့်အချက်များကို ယမန်နေ့ ည(၈)နာရီ အချိန်က အသိပေးကြေညာခဲ့ကြောင်းသိရသည်။
အဆိုပါနှိုးဆော်ချက်တွင် (၁)အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန် (၂)မိမိအိမ်သို့ ပြင်ပမှ ဧည့်သည် များလက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန် (၃)အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း maskကို စနစ်တကျ တပ်ဆင်ရန်နှင့် maskမတပ်သူများထံမှ ဈေး၀ယ်ခြင်း ကို ရှောင်ကြဉ်ရန် (၄) လူစုလူ ဝေးရှိသော နေရာများကိုရှောင်ကြဉ်ရန် (၅) လက်ကိုမကြာခဏ ဆေးရန် ၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သပ်ကိုင်တွယ်ခြင်းမပြုလုပ်ရန် ၊(၆)လေ၀င် လေထွက် ကောင်းသော အခန်းများ၌သာနေထိုင်ရန် (၇)အပြင်မှပြန်လာတိုင်း mask များကိုစနစ်တကျ စွန့်ပစ်ရန်နှင့် အ၀တ်အစား မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့်အနီးကပ် မထိတွေ့ရန်(၈)ရောဂါ ကူးစက်ခံရပါကနီးစပ်ရာ ကျန်းမာရေး ဌာနသို့ဆက်သွယ်၍မပျက်မကွက်ဆေး ကုသမှုခံယူရန် သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊နှလုံး၊သွေးတိုးရှိသူမျာရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါထိခိုက်နိုင် သဖြင့် မိဘပြည်သူများမှကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလိုသည်ဟု တိုက်တွန်းနှိုးဆော် ထားကြောင်းသိရသည်။
ထို့ပြင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့များဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင် များ ပူးပေါင်း၍ပြည်သူ့များကျန်းမာရေးအတွက်အသိပေးခြင်း၊ သတိပေးခြင်း၊ကကာကွယ် ဆေးထိုး နှံကြရန် တိုက်တွန်း ခြင်း၊ပိုးသတ်ဆေးဖျန်းခြင်း၊ အောက်ဆီဂျင်ဖျန့်ဝေပေးခြင်း လုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်၊၊
မြို့နယ်(ပြန်/ဆက်)