ဒဂုံမြို့နယ်တွင် အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး ဒဂုံ သြဂုတ် ၅ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီး ရပ်ကွက်၊ အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ အသက်( ၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား

ဒဂုံ သြဂုတ် ၅ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီး ရပ်ကွက်၊ အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ အသက်( ၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက် (၉:၀၀)နာရီ အချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။ ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက် (၅)ခု မှ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ကွက်များအလိုက် အလှည့်ကျ (၁.၈.၂၀၂၁) ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိ သက်ကြီးဘိုးဘွား (၉၀၄) ဦးကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိသော သက်ကြီးဘိုးဘွားများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသခြင်း လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ Volunteer များ၊ ဘုန်းတော်ကြီး များနှင့် သီလရှင်များအား သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးထိုးနှံမှုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းသူကျော်မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန့်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း သတင်းရရှိပါသည်။ ဒဂုံမြို့နယ်