မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုအားကြည့်ရှုစစ်ဆေး

                                                       မချမ်းဘော့   ဩဂုတ် ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ပူတာအိုခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်သည် စစ်ဗျူဟာ အဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူးဗိုလ်မှူးကြီးဝင်းမင်းသိမ်းနှင့် ခရိုင်ကော်မတီတာဝန်ရှိသူများ လိုက်ပါလျက် မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီများမှ မချမ်းဘော့မြို့ ဂူဘားရိပ်သာတွင် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအားယမန်နေ့ နံနက် ၉ နာရီ အချိန်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။         

     ထို့နောက် ပူတာအိုခရိုင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးချစ်မှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm) လာရောက်ထိုးနှံကြသော ပြည်သူများအား အားပေးစကား ပြောကြားခဲ့ပြီး လုံခြုံရေးဆိုင်ရာကိစ္စများ၊ ကာကွယ်ဆေး ထိုးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များနှင့် အညီဖြစ် စေရေး၊ စာရင်းရေးသွင်းရာတွင် ညွှန်ကြားချက်နှင့်အညီပြည့်စုံ မှန်ကန်စေရေး၊ အများပြည်သူ သိရှိစေရေးများကို ကျယ်ကျယ်ပြန့်ပြန့်နိုးဆော်အသိပေးဆောင်ရွက်ရန်မှာကြားခဲ့ ကြောင်းသိရသည်။

 မြို့နယ် ပြန်/ဆက်