ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမနေ့ ဆက်လက်ထိုးနှံပေး

ဥတ္တရသီရိ         ဩဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို အထက(မင်းကုန်း)တွင်  ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

 ဥတ္တရသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သြဂုတ်လ ၁ ရက်နေ့ တွင် (၃၂၂) ဦး၊ ဩဂုတ်လ ၂ ရက်နေ့တွင်(၃၅၂)ဦး၊ ဩဂုတ်လ ၃ ရက်နေ့တွင်(၃၀၈)ဦး၊ ဩဂုတ်လ ၄ ရက်နေ့တွင် (၄၆၈)ဦးနှင့် ယနေ့တွင် အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူ(၆၉)ဦး၊ အစိုးရ/ ပုဂ္ဂလိကကျန်းမာရေဝန်ထမ်း(၅၂)ဦး၊စေတနာ့ဝန်ထမ်း(၁၄၃)ဦး၊ နိုင်ငံဝန်ထမ်း (၆၇)ဦး၊ နိုင်ငံ့ ဝန်ထမ်း မိသားစု(၁၅၉)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၅၉)ဦး၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်း(၆၀)ဦး၊ ဟိုတယ်/ မိုတယ် တည်းခိုခန်းဝန်ထမ်း(၄၂)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၇)ဦး နှင့် Super Market ဈေး ဝန်ထမ်း (၁၁၀)ဦး  စုစုပေါင်း (၇၆၈)ဦးတို့ ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာလင်းပြည်သိမ်း နှင့်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေး ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း နှင့်အဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့များက လိုအပ်သည် များကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် ပထမအကြိမ်တွင် ကာကွယ်ဆေး လူဦးရေ (၁၂၀၀) စာ ရရှိခဲ့ပြီး ထပ်မံ၍ လူဦးရေ (၁၁၆၈) ဦးစာ ရရှိသဖြင့် စုစုပေါင်း လူဦးရေ (၂၃၆၈) ဦးအား ထိုးနှံပေး နိုင်မည်ဖြစ်ကြောင်း နှင့်ယနေ့အထိစုစုပေါင်း(၂၂၁၈)ဦးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်ပြန်/ဆက်