ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်း၊ ရှမ်းရိုးမ မွေးမြူရေးဇုန်နှင့် ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီ  သြဂုတ်  ၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူ တို့သည် ယမန်နေ့ နံနက်(၉) နာရီခွဲက တောင်ကြီးမြို့နယ်အေးသာယာရှမ်းရိုး မမွေးမြူရေး ဇုန်နှင့်ထုံးဖိုရှိစိုက်ပျိုးရေးသုတေသနခြံသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းရိုးမမွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမသို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဇင်မောင်မှ ရှမ်းရိုး မမွေးမြူရေးဇုန်နှင့် ပတ်သက်၍ ရှင်းလင်းရာ ရှမ်းရိုးမမွေးမြူရေးဇုန်သည် တောင်ကြီးမြို့မှ (၁၂.၅)မိုင်၊ ညောင်ရွှေမြို့မှ(၇.၅)မိုင်ခန့်ဝေးကွာပြီး ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ထီပုံးရွာ အနီးတည်ရှိပြီး ဧရိယာအကျယ်အဝန်း(၄၂၉.၆၇)ဧကရှိပါကြောင်း၊ ယခင်ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ရာပြည့်မှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်တွင်လက်ရှိမြေနေရာသို့ ကွင်းဆင်းစစ်ဆေး၍ မွေးမြူရေး ဇုန်ဖော်ထုတ်ရန် အတည်ပြုပေးခဲ့ပါကြောင်း၊ ဇုန်အတွင်း ကြက်ခြံဆောက်လုပ် ရာတွင် အလျား၁၅၀ပေအနံ၃၃ ပေအမြင့်၁၈ပေ၊ ဥကြက်မ၅၀၀၀၊ အလျား(၁၃၀)ပေ၊ အနံ(၄၄)ပေ၊ အမြင့်(၁၈)ပေ၊ ဥကြက်မ(၅၀၀၀)ဆံ့၊ ကြက်ခြံ တစ်ခြံနှင့်တစ်ခြံ ပြင် (၅၀)ပေကွာခြားရန် ၊ သွပ်မိုး၊ ထရံကာ၊ မွေးမြူပုံစနစ်မှာ Battery cage စနစ်ဖြစ်ပါကြောင်း၊ ရှမ်းရိုးမမွေးမြူရေးဇုန်ကို ၂၀၁၀ ခုနှစ်ဖေဖော်ဝါရီလ(၁၁)တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး မွေးမြူသူ တောင်သူဦးရေ(၈၄)ဦးမှ ကြက်ခြံအရေအတွက်(၁၈၂)ဖြင့် ဥစားကြက်ကောင် ရေပေါင်း(၁၀၀၄၈၄၉) မွေးမြူထားလျှက် ရှိပြီး(၁)ရက်လျှင် ကြက်ဥပျမ်းမျှ(၆၃၃၁၈၀)ခန့် ထွက်ရှိကာ ဈေးကွက်သို့ ဖြန့်ဖြူးပေးလျက် ရှိပါကြောင်း ၊ ရှမ်းရိုးမ မွေးမြူရေးဇုန်မှထွက် ရှိသောကြက်ဥ၊ ကြက်သား(ဥတုန်း)များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး နှင့်မွန်ပြည်နယ်သို့ ပေးလျက်ရှိပါကြောင်း ရှင်းလင်း သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်မွေးမြူရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ တာဝန်ရှိသူ တစ်ဦးက ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကြက်ဥများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင် တို့က လက်ခံရ ယူပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မွေးမြူထားသော ဥစား ကြက်ခြံ အတွင်းလှည့်လည်ကြည့်ရှူကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်နှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ တောင်သူများမှ စိုက်ပျိုး ထွက်ရှိလာသောပြောင်းစေ့များကို အခြောက်ခံပေးနိုင်ရန် ပြောင်း အခြောက်စက်ရုံသို့သွားရောက်ကြည့်ရှုရာ တာဝန်ရှိ သူတစ်ဦးမှ ရှင်းလင်းကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊တာဝန်ရှိသူများသည် SKF Swine GGP Farm (၁၃.၄၆၆) ဧကကျယ်ဝန်းသောဝက်မျိုးရင်းစစ်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုရာ ခြံပိုင်ရှင်မှ ခြံကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး GGP ဝက်များ ၊ GP ဇီးရှိ ဝက်မနှင့် GP ဝက်မဒါန်း အကောင်များ ၊ ခွဲခြားမွေးမြူထားလျက်ရှိကြောင်းနှင့် ဝက်ကောင်ရေ စုစုပေါင်း (၄၀၀) ကောင်အား မွေးမြူထားလျက်ရှိကြောင်း ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည် ဝက်ခြံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

၎င်းနောက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင် ၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ထုံးဖို စိုက်ပျိုးရေး သုတေသနခြံသို့ ရောက်ရှိလာရာ သုတေသနခြံအရာရှိ ဒေါ်ခိုင်ခိုင်ဦးမှ စိုက်ပျိုးရေး သုတေသနခြံ၏ ရည်ရွယ်ချက်အား ရှင်းလင်းရာ အပင်တစ်သျှူး ကားချားနည်းပညာကို အသုံးပြု၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သီးနှံနှင့် ပန်းမန်များ ၊ ရှားပါးဒေသမျိုးများနှင့် မျိုးပွားရန်ခက်သောမျိုးများကို သုတေသနပြု မွေးမြူရွေးချယ်ရန် ၊ ပြောင်းလဲ လာသောရာသီဥတုကို ခံနိုင်ရည်ရှိပြီး ၊ ရေရည်တည်တံ့သော အထွက်နှုန်းကို ပေးနိုင်သည့် ဟင်းသီးဟင်းရွက် ၊ ပန်းမန် မျိုးကောင်းမျိုးသန့်များကို သုသေတနပြုဖော်ထုတ်ရန် ၊ တောင်သူများ ကြုံတွေ့နေရသော စိုက်ပျိုးရေးဆိုင်ရာ ပြသနာများကို ဖြေရှင်းပေးနိုင်မည့် သုတေသနများကို ရှာဖွေဖော်ထုတ်ရန် ၊ သုတေသနပြုရရှိလာသော ရလဒ်ကောင်းများနှင့် နည်းပညာများ ၊ မျိုးသစ်များ ကို စိုက်ပျိုးထုတ်လုပ်သူတို့အား လက်ဆင့်ကမ်းဖြန့်ဝေခြင်းကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ၊တောင်သူအခြေပြု သုတေသနစခန်းများ တည်ထောင်၍ စိုက်ပျိုးထုတ်လုပ်တောင်သူတို့ကို သုတေသန ရလဒ်များအား  လက်တွေ့ စိုက်ပျိုးပြသ၍ နည်းပညာများကို ဖြန့်ဝေရန် ရှင်းလင်းပြောကြားသွားပြီး ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည် တစ်သျှူး ငှက်ပျောပျိုးပင်များ ၊ ဈေးကွက်ဝင် ပိန်းပန်း ၊ စတော်ဘယ်ရီနှင့် ရောဂါကင်းသော G0 မျိုး အာလူးထုတ်လုပ်ခြင်းများကို လှည့်လည်ကြည့်ရှုကြ ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09-250132943