ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်-ခုတင်၃၀၀ ဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံနေရာသို့ ယနေ့နံနက်(၉)နာရီ အချိန်က နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆးရုံကြီး ခုတင်-ခုတင် ၃၀၀ ဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံနေရာသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်တို့က လာရောက်ကြည့်ရှုစစ်ဆေးရာ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်၊ ခုတင် - ၃၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးနှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဗိုလ်မှူးကြီးမင်းနောင်မှ စက်ရုံအတွင်းအောက်ဆီဂျင်တပ်ဆင်ပြီးစီးမှု အခြေအနေနှင့် စက်ရုံရှိ အောက်ဆီဂျင်တိုင်ကီအတွင်း Liquid အရည်ဖြည်သွင်းပြီးစီးမှု အခြေအနေများအား လိုက်လံကြည့် ရှုစစ်ဆေးခဲ့ပြီး အောက်ဆီဂျင်အမြန်ထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများအားမှာကြားခဲ့သည်။ ဆက်လက် ၍ ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း တွင် မြို့ နယ် (ခုတင် ၅၀) ဆေးရုံမှ ဒေါက် တာသိမ့်သိမ့်ထွေး နှင့်ကျန်းမာရေး ဝန်ထမ်းများမှ မိဘပြည်သူများ၊ ဌာ နဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ကိုဗစ် ၁၉ ကာကွ ယ် ဆေးထိုးနှံပေးနေမှုအား သွားရော က်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မျိုးသီဟ