ထန်းတပင်၌ ရက်ပေါင်း(၅)ရက်အတွင်း စုရပ်(၅)နေရာတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၂၉၃၆)ဦးထိရှိ

                                             ထန်းတပင်(ရန်ကုန်)၊ သြဂုတ်   ၆

ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့ နယ်တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သြဂုတ်လ(၁)ရက်နေ့မှစတင်၍ မြို့နယ်အတွင်းဆောင် ရွက် လျက်ရှိရာ သြဂုတ်လ(၅)ရက်နေ့အထိ ထန်းတပင်မြို့မအားကစားကွင်းစုရပ်၊ တက်သစ်တိုက်နယ် ဆေးရုံစုရပ်၊ အထက(ကျူတော)ကျောင်းစုရပ်၊ အ.ထ.က(ခွဲ)အုတ်ဖိုကျောင်းစုရပ်နှင့် လှည်းဆိပ်တိုက် နယ်ဆေးရုံစုရပ်(၅)နေရာတို့တွင်ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၂၉၃၆)ဦးထိရှိကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာများအလိုက် ဦးစားပေးအုပ်စုများခွဲကာ စုရပ် နေရာ(၈) နေရာတို့တွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ဒိတ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းစုရပ်၊ အထက (ဘောလည်)ကျောင်း စုရပ်နှင့် နဲသမိန်တိုက်နယ်ဆေးရုံစုရပ်တို့တွင် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး သြဂုတ်လ(၁)ရက်နေ့မှသြဂုတ်လ(၅)ရက်နေ့အထိ ဦးစား ပေးစုရပ်(၅)နေရာ တို့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်အပါး(၁၇၃)၊ အသက်(၆၅)နှစ်အထက်အဘိုးအဘွား(၁၄၃၉)ဦး၊ နိုင်ငံ့ဝန်ထမ်း(၂၅၆)ဦး၊ နိုင်ငံ့ ဝန်ထမ်းမိသားစု (၆၁၄) ဦး၊ စေတနာ့ဝန်ထမ်း(၄၁၆)ဦး၊ စျေးသူ/သား(၃၂)ဦးနှင့် အချုပ်သား(၆)ဦး စုစု ပေါင်း(၂၉၃၆)ဦး ထိရှိကြောင်းလည်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်ဇင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ခြင်း၊ သွေးတွင်းအောက်စီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံရှိမရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံမှုအခြေအနေ များကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဌ ဗိုလ်မှူးဖြိုးဝေစိုး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်းသိရသည်။