ကျိုင်းတုံ ဩဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ် Sinopharm ဆေး အလုံး ရေ ၇၉၃၀ လုံး နှင့် ဆေးထိုးအပ်များကို တပ်မတော်လေယျာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင် ပေးခဲ့ရာယမန်နေ့ နံနက် ၁၁ နာရီခွဲက ရောက်ရှိခဲ့သည်။
တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အမျိုးအစား၊ အလုံးရေ ၇၂၀၀ လုံး၊ Sinovac အမျိုးအစား အလုံးရေ ၇၃၀ လုံး စုစုပေါင်း အလုံးရေ ၇၉၃၀ လုံးနှင့် ဆေးထိုးအပ် ၁၅၈၆၀ ချောင်း၊ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆို လက်ခံရယူခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင် ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား၊ အလုံးရေ ၈၈၀၀ လုံးနှင့် ဆေးထိုးအပ်များ ကျိုင်းတုံမြို့သို့ရောက်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးများ ဖြန့်ဝေထိုးနှံပေးခဲ့ပြီး သြဂုတ် ၅ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm နှင့် Sinovac အမျိုးအစား အလုံးရေ ၇၉၃၀ လုံးနှင့်ဆေးထိုးအပ်များ ကျိုင်းတုံမြို့သို့ ထပ်မံရောက်ရှိခဲ့၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များသို့ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်
၀၉၂၆၂၇၇၈၃၉၀