နောင်ချိုမြို့နယ်၌ COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပညာပေးနှိုးဆော်

နောင်ချို    ဩဂုတ်  ၅  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်မှစတင်၍ နောင်ချိုမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ နောင်ချိုမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း နေထိုင်ကြသော မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့်  အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်းMask စနစ်တကျ တပ်ဆင်ရန်၊ အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြ ရန်၊ တစ်ဦးနှင့်တစ်ဦး ၆‌ ပေအကွာမှနေထိုင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း ၊ သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ၊ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု  သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှု ခံယူ ကြရန်၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာ ရောဂါဆိုးကြီးကို လျင်မြန်စွာ အချိန်တိုအတွင်း တိုက်ထုတ်နိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် အသိပေးနိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးဆော်ဩဆောင်ရွက်ခြင်းကို ရက်သတ္တတစ်ပတ်လျှင် သုံးကြိမ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။                                         

ထွေးငယ်၊(ပြန်/ဆက်)