ကျိုက်မရော သြဂုတ် ၅
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်တွင်လတ်တစ်လောဖြစ်ပွားလျက်ရှိသောကိုဗစ်- ၁၉ရောဂါကာကွယ်ရေးအတွက်ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များနှင့် သတ်မှတ်ထားသည့်ဦးတည်အုပ်စုများနှင့်ဦးစားပေးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံရမည့်ပြည်သူများအနေဖြင့်ကာကွယ်ဆေးထိုးရန်သတ်မှတ်ထားသည့်စုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးအား မြို့ပေါ်ရပ်ကွက်( ၄)ခု နှင့်လူစည်ကားရာနေရာများဖြစ်သည့် လမ်းဆုံလမ်းခွများနှင့်လှေဆိပ်များတွင်ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အသံချဲ့စက်ဖြင့် လှည်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့ ညနေ၃နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့လှည့်လည်ပညာပေးရာတွင်ကိုဗစ်- ၁၉ရောဂါကာကွယ်ရာတွင်လိုက်နာရမည့်အချက်များနှင့်ကာကွယ်ဆေးထိုးနှံရန်သတ်မှတ်ထားသည့်ဦးတည်အုပ်စုများ၊ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ထားသည့်စုရပ်(၅)နေရာအား ကာကွယ်ဆေးထိုးနှံမည့်ပြည်သူများ သိရှိစေရန် အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးလှည့်လည်နှိုးဆော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ရန်နိုင်ထွန်း၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါအသိပေးနှိုးဆော်ခြင်းများကိုနေ့စဉ်တစ်နေ့သုံးကြိမ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)