ညောင်ဦး ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးနှမ်းကြဲပက်စိုက်ပျိုးတောင်သူများ စတင်နှုတ်သိမ်းနေပြီဖြစ်ရာ ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုမညီမျှခြင်းများ ကြေင့်နှမ်းရပုံခြင်းများလည်း မတူညီကြကြောင်း ဝါခင်းကြီးကျေးရွာ နှမ်းစိုက်ပျိုတောင်သူ ဦးမောင်လေးက ပြောကြားခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ဧပြီလနှောင်းပိုင်းကရွာသွန်းခဲ့သည့်မိုးဖြင့် နှမ်းများကြဲပက် စိုက်ပျိုးခဲ့ရာ မေလ၊ ဇွန်လတို့တွင် မိုးရွာသွန်းမှုကောင်းခဲ့ခြင်းကြောင့်နှမ်းစိုက်ခင်းများ ဖြစ်ထွန်းခဲ့ပြီး နှမ်းများပွင့်ချိန်ထိမိုးရွာသွန်းမှုမှန်ကန်ကောင်းမွန်ခဲ့ပြီး နှမ်းများသီးလုံး အဆန်(အစေ့)ထည့်ချိန် မိုးရွာသွန်းမှုမညီမျှခြင်းများကြောင့် နှမ်းစိုက်တောင်သူများ နှမ်းနုတ်သိမ်းချိန် နှမ်းရပုံခြင်း မတူညီကြကြောင်း၊ နှမ်းပင်များ အင်မတန်ကောင်းမွန်သော်လည်း နှမ်းပင်များသီးအောင်မိုး ရွာသွန်းမှု မညီမျှခြင်းများက နှမ်းရပုံခြင်း မတူညီစေကြောင်း တက်မကျေးရွာဦးမောင်ဌေးက ရှင်းပြသည်။
ညောင်ဦးမြို့နယ် တောင်ဘက်ပိုင်း တက်မကျေးရွာဘက်နှင့် ကြအိုကျေးရွာဘက်ခြမ်းတွင် မိုးရွာသွန်းမှု ကောင်းခဲ့ခြင်းကြောင့် နှမ်းများရကြပြီး ၊ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းဘေး ဝါခင်းကြီးကျေးရွာ၊ တောင်ဘကျေးရွာဘက်ခြမ်းတွင် ကွက်ကြားမိုးသာ ရွာသွန်းမှုများခြင်းကြောင့် နှမ်းခင်းများကောင်သလောက် နှမ်းမရကြကြောင်းသိရသည်။ နှမ်းများစိုက်ပျိုးချိန်နှမ်းတစ်တင်း လေးသောင်းကျပ်၊ ထွန်စက်ထွန်ယက်ခ တစ်နာရီ နှစ် သောင်းနှစ်ထောင်ကျပ်၊ နွားရှဉ်းထွန်ယက်ခ တစ်မနက် ရှစ်ထောင်ကျပ်၊ လုပ်သားတစ်ဦး ငါးထောင်ကျပ်၊ အလုပ်သမတစ်ဦး တစ်နေကုန်သုံးထောင်ကျပ် ပေးငှားကြဲပက်စိုက်ပျိုးခဲ့ ရကြောင်း၊ ရွက်စားပိုးကာကွယ်ဆေးများဖြန်းပက်ခြင်း၊ ရွက်အားတိုးဆေး၊ ဖော့စဖိတ်၊ ယူရီးယား၊ နွားချေး၊ ဆိတ်ချေးမြေဆီမြေနှစ်၊ မြေဩဇာများပါ ပက်ဖြန်းကျွေးရသေးကြောင်း၊ နှမ်းစိုက်ပျိုးတောင်သူများ မိုးမကောင်းသည့်နှစ်များ၊ နှမ်းမရပဲအရှုံးပင်ကြုံတွေ့ရပြီး တစ်မိုးကောင်းတစ်ချောင်းစီးမျှော်လင့်သည့်အနေဖြင့် နှစ်တိုင်း နှမ်းများမိုးကြိုကြဲ ထားခြင်း၊ မိုးရွာသွန်းချိန် ကြဲပက်စိုက်ပျိုးခြင်းများဖြင့် နှမ်းရရန်၊နှမ်းဈေးကောင်းရန်ုတို့ကို မျှော်လင့်ပြီး စိုက်ပျိုးကြကြောင်း၊ ယခုနှစ် ညောင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုမညီမျှခြင်းနှင့် ကွက်ကြား မိုးရွာသွန်းမှုများသည့် ပန်းကုန်းပင်ကျေးရွာ၊ တက်မကျေးရွာ၊ စပါးသင်းကျေး ရွာတို့ဘက်တွင် နှမ်းများရကြကြောင်း၊ တက်မကျေးရွာဦးမောင်ဌေးက ရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD