ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးစားပေး အစီအစဉ်အရ ကာကွယ်ဆေးထိုးနှံပေးပြီးသူ ပေါင်း ၄၅၅၈  ဦးရှိပြီဖြစ်

ပင်လောင်း  သြဂုတ်  ၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့် ဦးစားပေးအစီအစဉ်အလိုက ်ဆေးထိုးနှံပေးနိုင်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ကဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၄၅၅၈ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်း အ.ထ.ကတွင်(၄၇၆)ဦး၊ ပင်လောင်းမြို့နယ် နောင်တရား အ.ထ.ကတွင်(၄၉၂)ဦး တို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကာကွယ်ဆေး များထိုးနှံပေးခဲ့သည်၊။

ဇူလိုင် ၃၀ ရက်နေ့ ပင်လောင်းမြို့ အ.ထ.က(၂)တွင် (၂၄၂)ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ပင်လောင်းမြို့အ.ထ.က(၂)တွင် (၃၉၂)ဦး၊  နောင်တရားမြို့ အ.ထ.ကတွင် (၁၅၀)ဦး၊ ပေါင်းလောင်းမြို့ တလိုင်းမ အ.ထ.ကတွင် (၁၅၄)ဦး၊ သြဂုတ် ၁ရက်တွင် ပင်လောင်းမြို့အ.ထ.က(၂)တွင်(၃၉၆)ဦး၊ နောင်တရားမြို့ အ.ထ.ကတွင်(၂၁၈)ဦး၊ ပေါင်းလောင်းမြို့ တလိုင်းမ အ.ထ.ကတွင်(၁၇၉)ဦး၊ သြဂုတ် ၂ရက်တွင် ပင်လောင်းမြို့ အ.ထ.က(၂)တွင်(၃၉၄)ဦး၊ ပင်လောင်းမြို့နယ် တီကျစ် အ.ထ.ကတွင် (၂၉၆)ဦး၊ ပေါင်းလောင်းမြို့ တလိုင်းမ အ.ထ.ကတွင်(၃၉၉)ဦး၊ သြဂုတ် ၃ရက်တွင် ပင်လောင်းမြို့ အ.ထ.က(၂)တွင် (၄၉၆)ဦး၊ ပင်လောင်းမြို့နယ် တီကျစ်အ.ထ.ကတွင်(၂၇၄)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီးဖြစ်ပြီးဖြစ်ရာ ပင်လောင်းမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၄ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၄၅၅၈ ဦး ရှိပြီဖြစ်ကြောင်းနှင့် သြဂုတ် ၅ ရက်နှင့် သြဂုတ် ၆ ရက်နေ့များတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)