မအီ ဩဂုတ် ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများကို “ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ” ဆောင်ပုဒ် အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေလိုက် နာဆောင်ရွက်ကြပါရန်အတွက် “(က) အိမ်အပြင် ထွက်ခွာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ၊ (ခ) တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင် လုပ်ကိုင်ပါ၊ (ဂ) လူစုလူဝေးရှောင်ပါ၊ (ဃ) လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ (င) အလုံပိတ်အခန်းများ၊ အဲယားကွန်းအ ခန်းများ လေဝင်/လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ (စ) အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိအသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို/သွေးတိုး/နှလုံး စသည့် နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ (ဆ) အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါ၊ (ဇ) ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊ (ဈ)တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး၊ သတိပေးပါ၊ (ည) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပါ၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာပါ၊ (ဠ) သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပါ၊ (ဌ) ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ချက်ချင်း သတင်းပို့ပါ၊ ကျန်းမာရေး စစ်ဆေးမှုကိုကြည်ဖြူစွာ ခံယူပါ”စသည်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြည်သူများသို့ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ယခုအခါ မအီမြို့အတွင်း ဇူလိုင်လ ၇ ရက်မှ ယခုလ ၄ ရက်ထိ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာ(၈)ဦးရှိသည့်အနက် တစ်ဦးသေဆုံးခဲ့ကာ ပြည်သူ့ဆေးရုံ(မအီမြို့)၌ သီးသန့်လူနာ ဆောင်တွင် ဆေးကုသမှုခံယူလျက်(၇)ဦးရှိကြောင်း သိရသည်။
မအီ(ပြန်/ဆက်)