အမ်း ဩဂုတ် ၅
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး အမ်းမြို့ ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ ဈေးတောင်ရပ်ကွက်နေ(၃) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့ လူနာများသည် အမ်းမြို့ပြည်သူ့ဆေးရုံ ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပြီး ဩဂုတ် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက်အမ်းမြို့နယ်ပြည်သူ့ဆေးရုံ (၅)ဦးနှင့် ရူးကျေးရွာ တိုက်နယ် ဆေးရုံမှ(၈)ဦး စုစုပေါင်း(၁၃)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။
ယခုအခါ အမ်းမြို့၌ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက် နေ့ မှ ဩဂုတ် ၄ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း (၁၂၈)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၆၆)ဦးမှာ ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာထပ်မံပြသမှု မရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၇)ဦးရှိကြောင်း နှင့် လက်ရှိ အမ်းမြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံ ယူနေသူ (၃၇) ဦး၊ တပ်တောင်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူသူ(၁၅)ဦး၊ ရူးကျေးရွာ တိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူသူ(၃)ဦး စုစုပေါင်း(၅၅)ဦးရှိရာ အဆိုပါကိုဗစ်-၁၉ အတည်ပြု လူနာများတွင် မြို့နယ်ပြည်သူဆေးရုံ၌ အောက်ဆီဂျင် ၂၄ နာရီ ရူသွင်းနေရသူ(၁၀)ဦးရှိကြောင်း အမ်းမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝင်းအိမွန်