မြစ်ကြီးနား သြဂုတ် ၅
မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် Stay Home အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်း စည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ သြဂုတ် ၅ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
မြစ်ကြီးနားမြို့ရှိ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦး စီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက လယ်ကုန်းရပ်ကွက်ဈေး၊ ကျွန်းပင် သာရပ်ကွက်ဈေးနှင့် ရွှေညောင်ပင်ရပ်ကွက် ဝက်ကုန်ဈေးတို့တွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွား လာရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးခဲ့ကြသည်။
အလားတူ မြစ်ကြီးနားမြို့၌ ညပိုင်းနှင့် နံနက်အစောပိုင်းတို့တွင်လည်း မြို့ပေါ်ရပ်ကွက်များသို့ သုံးဘီယာဉ်များဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရန် အချက်များ၊ Stay Home အစီအစဉ်တွင် လိုက်နာရမည့် ထုတ်ပြန်ညွှန်ကြားချက်များကို အသိပေးလှည့်လည် အသိပေးနှိုးဆော် ကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။