ပင်းတယ ဩဂုတ် ၅
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကြေးတွင်းကုန်းကျေး ရွာနှင့် တောင်ရှည်ကျေးရွာအုပ်စု သပြေကုန်းကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား မှုကို ထိရောက်စွာကာကွယ် ထိန်းချုပ်ကုသရေးအတွက် ပြည်သူများပူးပေါင်း ပါဝင်မှသာ လုပ်ငန်းများ အချိန်တိုအတွင်း အောင်မြင်မညိဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အချက်များကို အားလုံးကိုယ်စီလိုက်နာကြရန် အသိပေးပန်ကြားအပ်ပါသည်-
(၁)တတ်နိုင်သမျှအိမ်တွင်း၌သာနေထိုင်ပါ။
(၂)အိမ်တွင်ဧည့်သည်လက်ခံခြင်းလုံးဝမပြုပါနှင့်၊မိမိကိုယ်တိုင်လည်းဧည့်သည်အဖြစ်သွားရောက်ခြင်းလုံးဝမပြုပါနှင့်၊
(၃)အိမ်တွင်အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ(သို့)ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအားပါးစပ်နှင့် နှာခေါင်းစည်း (mask)ကို တပ်ဆင်ထားစေပါ၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင်နေစေပါ။
(၄)မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို မဖြစ်မနေတတ်ဆင်ပါ၊ လက်ကိုစနစ်တကျဆေးကြောပါ၊ တခြားသူများနှင့်(၆)ပေအကွာခပ်ခွာခွာနေပါ၊ လေဝင်လေ ထွက်ကောင်သော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊
(၅) လူစုလူဝေးလုံးဝရှောင်ကြဉ်ပါ၊
(၆)ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တတ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှဈေးမဝယ်ပါနှင့်၊
(၇)အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ရောဂါပိုးများသယ်ဆောင်လာခြင်း မရှိစေရန်သတ်ပြုပါ၊အသုံးပြုပြီးသောပါးစပ်နှင့်နှာခေါင်းစည်း(mask)နှင့်တစ်ခါသုံးပစ္စည်းများကိုအိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ၊ အဝတ်အစားမလဲမီ/ကိုယ်လက်သန့်စင်ခြင်း မပြုမီအိမ် သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ၊
(၈) အလှည့်ကျရရှိသော ကာကွယ်ဆေးသည်မိမိအတွက် အကောင်းဆုံးဖြစ်၍ကာကွယ်ဆေးထိုး နှံခြင်းကို အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်းကာကွယ်ရေး နည်းလမ်းများ ကို ဆက်လက်လိုက်နာပါ၊
(၉)ရောကာကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဖက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်းပံ့ပိုးပေးကြပါရန် ဖြစ် ပါသည်။ စသည်ဖြင့် ယနေ့နံနက်(၁၁.၀၀)နာရီမှ(၁၄.၀၀)နာရီထိ အဆိုပါကျေးရွာများသို့ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့ ကိုဗစ်-၁၉ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှုးဦးကျော်မိုး လွင်နှင့်ဝန်ထမ်းများ လုပ်ငန်းကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲမှုးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုးနှင့် လူမှုဝန်ထမ်းဦးစီး ဌာနမှတာဝန်ရှိဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများကကျေးရွာ အတွင်းလှည့်လည်၍ ကျန်းမာရေးဝန်င်္ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန် ကြားချက်ကို ကြေညာပေးခဲ့ကြောင်း သိရသည်။
မိုးမိုးထွေး