ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ Quarantine Centerများ၊ Positive Isolation ward များ၊ ကျန်းမာရေး စစ်ဆေးဂိတ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများလှူဒါန်း

ကျိုင်းတုံ ဩဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ Quarantine Center များ၊  Positive Isolation ward များ၊ ကျန်းမာရေး စစ်ဆေးဂိတ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူရှင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

ပေးအပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လမ်းဦးစီးဌာန မိသားစုမှ ငွေကျပ် ၁၂ သိန်း တန်ဖိုးရှိ PPE ၊ Surgical Mask ၊ Hand Sanitizer များကို  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံလှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ၂၀၂၁ခုနှစ်မေလ တတိယပတ် နောက်ပိုင်းမှ  ဩဂုတ် ၄ ရက်အထိ အတည်ပြုလူနာ ၂၀၅၂  ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၁၈ ဦး၊ သေဆုံးသူ ၁၃ ဦးရှိပြီး ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)