ပေါက်တော သြဂုတ် ၅
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယနေ့ ထိုးနှံပေးခြင်းကို မြို့နယ် သာသနာ့ဗိမာန်တွင် ယနေ့ ၁၀ နာရီက ဆက်လက်ထိုးနှံပေးပြီး ပေါက်တောမြို့နယ် ကျေးလက် ကျန်းမာရေးဌာန စုရပ် ၄ နေရာမှာလည်း ယနေ့နံနက်ပိုင်းတွင် စတင်ထိုးနှံပေးခြင်းကို ဆောင်ရွက် လျက်ရှိသည်။
တတိယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။ တဆက်တည်းမှာပင် ပေါက်တောမြို့နယ်ရှိ ကျောက်တောင်တိုက်နယ် ဆေးရုံ၊ သဝင်ချောင်းကျေးလက်ကျန်းမာရေးဌာန၊ အလယ်ကျွန်းကျေးလက်ကျန်းမာရေးဌာန၊ သပြေကန်ကျေးလက်ကျန်းမာရေးဌာနတို့တွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက တာဝန်ကျရာ စုရပ်အသီးသီးသို့ သွားရောက်ကြီးကြပ်ဆောင်ရွက်ကြလျက် ကျေးရွာရှိစေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြသည်။ ပေါက်တောမြို့ပေါ်တွင် တတိယနေ့ ဆေးထိုးရန် ရောက်ရှိလာကြသော သံဃာတော် ၆ ပါး၊ ဌာနဝန်ထမ်း ၈၀ ဦး၊ Volunteer ၂၈ ဦး၊ ရပ်ကွက် ၅ ရပ်ကွက်မှ ပြည်သူ ၁၄၄ ဦး နှင့် အချုပ်သား ၃ ဦးအပါအဝင် စုစုပေါင်း ၂၆၄ ဦး လာရောက်ထိုးနှံကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ လာရောက်၍ ဆေးထိုးလာကြသော ပြည်သူများအား ပထမအကြိမ်ဆေးထိုးပြီးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ရှောင်ရန်၊ ဆောင်ရန် အချက်အ လက်များကို အလေးအနက်ထား လိုက်နာပေးစေလိုကြောင်း ပြောကြားပြီး ဒုတိယအကြိမ်ထိုးနှံပေးခြင်း ကိုလည်း မပျက်မကွက် အလေးအနက်ထားလျက် လာရောက်ထိုးနှံကြရန် ပြောကြားခဲ့ကြောင်း သိရှိရ သည်။
ကျော်သန်း