မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဦးစားပေး ဆေးထိုးနှံခြင်း အစီအစဉ် ကျင်းပ

မက်မန်း ဂုတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ၂၀၂၁ ခုနှစ်၊ ဂုတ်လ ၂ ရက်နေ့တွင် မက်မန်းမြို့ ပြည်သူ့ဆေးရုံတွင် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ထိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။ မက်မန်းမြို့နယ် အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘ ပြည်သူနှင့် ဦးစားပေးအစီအစဉ်ဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သံဃာတော်များနှင့် စေတနာဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားခဲ့ကြောင်း သိရ သည်။

မက်မန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်သူစာရင်း စုစုပေါင်း ၃၁၁ ရှိပြီး ဆေးခွဲတမ်းဖြင့် ဆေးအလုံးရေ ၁၅၅ လုံး ရရှိပြီး ဦးစားပေးစနစ်ဖြင့် ထိုးနှံသွားရခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် ကော်မတီဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းကျင်