တီကျစ် အ.ထ.က ကျောင်း၌ ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

နောင်တရား ဩဂုတ် ၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေး ရွာအုပ်စု တီကျစ် အ.ထ.ကကျောင်း၌ ဦးစားပေးအစီအစဉ်အလိုက် ယနေ့တွင် ကိုဗစ်ကာကွယ် ဆေး ထိုးနှံပေးသည်။ တီကျစ်ကျေးရွာအုပ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအကျိုးဆောင်များနှင့် ဘာသာရေးကျောင်း များမှ သာသနာ့ဝန်ထမ်းများကို ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။ နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ဦးစားပေးအစီအလိုက်ထိုးနှံပေးလျက် ရှိသည်။ တီကျစ်အ.ထ.ကကျောင်း၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ဝန်ထမ်းများကို ယနေ့တွင် စတင်ထိုးနှံပေးလျက်ရှိပြီး ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ( ၂၉၆)ဦးရှိ ကြောင်းသိရသည်။ ခွန်အောင်